ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းခြင်း January 5, 2017

အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထား တင်ပြချက် January 5, 2017

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) လုပ်ငန်းအဖွဲ့အစည်းအဝေး(၄.၁.၂၀၁၇) January 4, 2017

ပါတီစည်းရုံးရေးစာစဉ် ၊အတွဲ(၁)အမှတ်(၄)၊ဒီဇင်ဘာလ ၊၂၀၁၆ December 23, 2016

(၈၆)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုပွဲကို( ၂၂၊၁၂၊၁၆ )သို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးတက်ရောက် December 22, 2016

လက်ပန်တောင်း အာဇာနည် ဒေါ်ခင်ဝင်း ကျဆုံးခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ December 22, 2016

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့ December 22, 2016

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီသစ်နှင့်တွေ့ဆုံဆွေးနွေး December 13, 2016

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ့်မှ တောင်သူများနှင့် တွေ့ဆုံ December 11, 2016

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီ အစည်းအဝေး ဒုတိယနေ့ December 11, 2016


အမြင်သဘောထား


ထုတ်ပြန်ချက်များ

ပည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲဝင်မည် (ထုတ်ပြန်ကြေညာချက် ( ၄ / ၂၀၁၅ ) ) ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။ ပါတီ၏ မဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်အား လွှတ်တော် တွင်း လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုများ ဟန်ချက်ညီညီ ဆက်စပ်ဆောင်ရွက်ခြင်း မှတဆင့် ကြိုးပမ်း အကောင်အထည်ဖေါ်သွားနိုင်ရန် ရွေးကောက်ပွဲဝင်ခြင်း ဖြစ်သည်။ လွှတ်တော်တွင်းမှနေ၍ ပြည်သူလူထု လတ်တလောရင်ဆိုင်နေရသည့် (အထူးသဖြင့် အလုပ် သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား ပြည်သူများ၏) လူမှုစီပွားအကျပ်အတည်းပြဿနာများ ဖေါ်ထုတ် တင်ပြသွားနိုင်ရန်နှင့် ပြည်သူလူထု၏ အသံ၊ ပြည်သူလူထု၏ လိုလားချက်များအား ထင်ဟပ်သည့် မူဝါဒ များအား ရေးဆွဲတင်ပြနိုင်ရန် ဖြစ်သည်။ လတ်တလောလိုအပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအား ...

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း (သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၅ ) ) ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။ ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို အောက်ဖေါ်ပြပါ ပါတီဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သည်။ ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ၁။ ဦးငွေလင်း ဥက္ကဋ္ဌ ၂။ ဦးဇော်ဇော်ထွန်း အတွင်းရေးမှူး ၃။ ဦးတိုးတိုးထွန်း ကော်မတီဝင် ၄။ ဦးမင်းနိုင် ကော်မတီဝင် ၅။ ဒေါ်နှင်းနှင်းမွှေး ကော်မတီဝင် ၆။ ဒေါ်တင်တင်ချို ကော်မတီဝင် ၇။ ဦးညီညီအောင် ကော်မတီဝင် ၈။ ဦးဝဏ္ဏ ကော်မတီဝင် ၉။ ဦးသန့်စင် ကော်မတီဝင် ၁၀။ ဦးသူအောင် ကော်မတီဝင် ၁၁။ ဒေါ်သက်ဇွန်လင်းထင် ကော်မတီဝင် ဆက်သွယ်ရန် ဦးငွေလင်း (ဖုန်း ၀၉ ၃၁၁၀၆၂၄၂) ဦးဇော်ဇော်ထွန်း (ဖုန်း ၀၉ ၇၉၅၈၃၉၃၅၃) ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ၁။ ၇ ဇူလိုင်အရေးတော်ပုံသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇)ရက် တွင်၊ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကောက်ကျစ်မှုကို သွေးမြေ ကျခံလျက် ဖော်ထုတ်၊ ဖွင့်ချနိုင်ခဲ့သည်။ ၂။ လွန်ခဲ့သော (၅၃) နှစ်က ဤယနေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားထုသည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်ခဲ့သည့် အစဉ်အလာကောင်းကို ဆက်ခံ၊တိုးချဲ့၍ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတပ်ဦးတွင် ထပ်မံ မော်ကွန်း တင်နိုင်ခဲ့ပေသည်။ ၃။ သမိုင်းစဉ်အတွင်း မှားယွင်း၊ တာဝန်မဲ့မှုများနှင့် မှန်ကန်၊ရဲရင့်သော တိုက်ပွဲအစဉ်အလာများကို မမေ့မလျော့ခြင်းသည် အာဃာတ နှင့် အမုန်းတရားများကို ဖော်ထုတ်ခြင်း မဟုတ်ဘဲ၊ လွတ်လပ်သော တန်းတူသော သွေးစည်းချစ်ကြည်သော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် ကျွန်ုပ်တို့ ဆက်လက် အားထုတ်၊ကြိုးပမ်းကြရမည့် လုပ်ငန်းစဉ်များကို ...

ဆရာကြီး ဒဂုန်တာရာ (၉၆)နှစ် ပြည့် မွေးနေ့အခမ်းအနားသို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ၁။ ငြိမ်းချမ်းရေးစာဆိုကြီး ဆရာဒဂုန်တာရာ၏ (၉၆)နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက ဂုဏ်ယူ ဝမ်းမြောက်စွာ သဝဏ်လွှာပေးပို့ပါသည်။ ၂။ ဆရာကြီး၏တသက်တာမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် အဖိနှိပ်ခံ ဆင်းရဲ သား ပြည်သူတို့ လွတ်မြောက်ရေးကို စာပေအနုပညာအားဖြင့် ရပ်ခံ၊ အားထုတ်ခဲ့သော တသက်တာ ဖြစ်ပေသည်။ ၃။ ဆရာကြီးသည် ကွယ်လွန်ခဲ့သည့်တိုင် မမေ့မလျော့အပ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အမှတ်တရ အထိမ်းအမှတ် ပြုကြခြင်းမှာ ယနေ့ကာလ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေးတို့ကို အရေးတကြီး တည်ဆောက်ကြရမည့် နိုင်ငံတော်၏လက်ငင်းအခြေအနေနှင့်လည်းကောင်း၊ သမိုင်းရေးလိုအပ်ချက်နှင့်လည်းကောင်း အထူးဆီလျော် သင့်မြတ်၍ ဂုဏ်ယူကြိုဆိုထိုက်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ ၄။ မိမိတို့ပါတီသည် နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သော ငြိမ်းချမ်း၊ ညီညွတ်၊ ...


ပါတီလှုပ်ရှားမှုများ

ဆရာကြီးမှိုင်း ကွယ်လွန်ခြင်း(၅၃)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား သို့ တက်ရောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း(၅၃)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ၂၃၊ ၇၊ ၂၀၁၇ ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် နာယကတစ်ဦးဖြစ်သည့် မဂ္ဂင်ဆရာတော်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးအောင်စောဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ဦးကျော်မြင့်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ကိုကောင်းထက်ကျော်၊ မှော်ဘီတောင်သူလယ်သမားသမဂ္ဂမှ ကိုကျော်မျိုးလတ်တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး မှိုင်းငြိမ်းကွန်ရက်မှ ဦးထွန်းဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၏ သဘောထားကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားရာတွင် ဆရာကြီးပြောကြားခဲ့သည့် ...

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များအစည်းအဝေး သို့ တက်ရောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များအစည်းအဝေးကို ၂၃-၇-၂၀၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ရာ ရန်ကုန် မှော်ဘီ မန္တလေး မုံရွာ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ဆရာကြီး၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးအယူအဆပေါ်တွင် ရပ်ခံဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင်ကျင်းပသည့် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် ကရင်ပြည်နယ် ဘားအံမြို့ ဗိုလ်ချုပ်ကျောက်တိုင်၌ နှစ် ၇၀ မြောက် အာဇာနည်နေ့အခမ်းအနားကို ၁၉-၇-၂၀၁၇ နေ့တွင် ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် ရဲဘော်များ တက်ရောက်အလေးပြုခဲ့ကြပါသည်။

မြင်းခြံမြို့နယ် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် မြင်းခြံမြို့နယ် ဗိုလ်ချုပ်ရုပ်တု၌ ၁၉.၇.၂၀၁၇ ရက်နေ့တွင် ကျင်းပသည့် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ရဲဘော်များ တက်ရောက် အလေးပြုခဲ့ကြပါသည်။


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ