ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) လုပ်ငန်းအဖွဲ့အစည်းအဝေး(၄.၁.၂၀၁၇) January 4, 2017

ပါတီစည်းရုံးရေးစာစဉ် ၊အတွဲ(၁)အမှတ်(၄)၊ဒီဇင်ဘာလ ၊၂၀၁၆ December 23, 2016

(၈၆)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုပွဲကို( ၂၂၊၁၂၊၁၆ )သို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးတက်ရောက် December 22, 2016

လက်ပန်တောင်း အာဇာနည် ဒေါ်ခင်ဝင်း ကျဆုံးခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ December 22, 2016

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့ December 22, 2016

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီသစ်နှင့်တွေ့ဆုံဆွေးနွေး December 13, 2016

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ့်မှ တောင်သူများနှင့် တွေ့ဆုံ December 11, 2016

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီ အစည်းအဝေး ဒုတိယနေ့ December 11, 2016

ပန်းတ​နော်​မြို့နယ်​၊ ​မြေနု​ကျေးရွာအုပ်​စုရှိ လယ်​သမား ၁၀၀ ​ကျော်​ ပိုင်ဆိုင်သည့် လယ်​ဧက ၁၀၀၀ ​ကျော်​အား ပြန်လည်ရရှိရေးအတွက် ​တောင်​သူလယ်​သမားသမဂ္ဂနှင့် လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီမှ ပူးပေါင်းကူညီ​ ဆောင်​​ရွက်ပေးရန်​ ညှိနှိုင်း​ဆွေး​နွေး December 10, 2016

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ပထမနေ့ December 10, 2016


အမြင်သဘောထား


ထုတ်ပြန်ချက်များ

ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးအား ငြိမ်းစုစီ ဥပဒေအရ ပြစ်ဒဏ် ချမှတ်ခံရခြင်း သတင်းထုတ်ပြန်ချက် (၃ / ၂၀၁၅) ၂၀၁၅ ခုနှစ်၊ နိုဝင်္ဘာလ၊ ၁၃ ရက်။ ၁။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏ (ပြည်ခရိုင် ပါတီစည်းရုံးရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ)နှင့် အတူ အခြားဒေသခံ တက်ကြွလှုပ်ရှားသူ (၄)ဦးအား ပြည်မြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ / ၁၉ တို့အရ ယနေ့ (၁၃၊ ၁၁၊ ၂၀၁၅)တွင် ထောင်ဒဏ် (၄)လ၊ (၆)လ စသည်ဖြင့် ပြစ်ဒဏ် ချမှတ်လိုက်ပါသည်။ ၂။ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏသည် နိုင်ငံသားပြည်သူတစ်ဦး အခွင့်အရေးရှိသည့်အားလျော်စွာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင်း PR စံနစ်ကိုကျင့်သုံးမည်ဆိုပါက မသင့်လျော်၊ လက်မခံနိုင်ကြောင်းဖြင့် အခြားဆန္ဒတူ တက်ကြွလှုပ်ရှားသူ (၄)ဦးနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ပြသသည့်အတွက် ယခုကဲ့သို့ အရေးယူ၊ ပြစ်ဒဏ်ပေးခံရခြင်း ...

သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၆ / ၂၀၁၅) သဘောထားထုတ်ပြန်ချက် (၆ / ၂၀၁၅) ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက် သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် ၁။ သာယာဝတီ အကျဉ်းထောင်အတွင်း ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရန် တောင်းဆိုချက်ဖြင့် (၂၃၊ ၁၀၊၂၀၁၅)နေ့မှ စတင်လျက် အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်ကြောင်း ကြားသိ ရပါသည်။ ၂။ ယနေ့ကာလတွင် မိမိတို့တိုင်းပြည်သည် အထွေထွေရွေးကောက်ပွဲကျင်းပရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအရ တမျိုးသားလုံးဆိုင်ရာ ...

ဟန်ဂျင်း အထည်ချုပ်အလုပ်သမားသပိတ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၅) ၁။ ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ရပိုင်ခွင့်များအတွက် သပိတ်တိုက်ပွဲ ဆင်နွှဲ၍ တောင်းဆိုနေကြသည်ကို သိရှိရပါသည်။ ၂။ သပိတ်တိုက်ပွဲဝင်အလုပ်သမားများ၏ တောင်းဆိုချက်များသည် အခြေခံကျ၍ တရားမျှတသော တောင်းဆိုမှုများဖြစ်ပြီး၊ အဆိုပါတောင်းဆိုမှုအပေါ် မိမိတို့ပါတီက အပြည့်အဝ ထောက်ခံပါသည်။ ၃။ အထည်ချုပ်လုပ်ငန်းရှင်ဘက်မှ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း၊ နိုင်ငံအစိုးရဘက်မှ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း မိမိတို့အခြေခံရပိုင်ခွင့်အတွက် ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ သပိတ်လက်နက်ကိုင်စွဲ၍ တောင်းဆိုနေသော အလုပ်သမားများအပေါ် အကြမ်းဖက်တားဆီး၊ နှိမ်နင်းခြင်း များ လုံးဝမပြုလုပ်ဘဲ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လေးလေးစားစား စေ့စပ်၊ ဆွေးနွေးညှိနှိုင်း ဖြေရှင်း ပေးကြပါရန် မိမိတို့ပါတီက လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။ ၄။ အခြားသော အလုပ်သမားအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ အပါအဝင် အသီးသီးသောလူထုအဖွဲ့အစည်းများနှင့် ပြည်သူအများကလည်း ရက်ရှည် သပိတ်တိုက်ပွဲဝင်နေ ကြသည့် ...

(၂၇) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက် မိမိတို့ပါတီကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်မှာ ယနေ့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့ တွင် (၂၇) နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ ပါတီ၏ (၂၇)နှစ်တာ သမိုင်းတလျောက်တွင် ” ပြည်သူသာအမိ ပြည်သူသာအဖ ” ဆောင်ပုဒ်ကို ကိုင်စွဲပြီး လူမျိုးစုံမြန်မာပြည်သူတို့၏အကျိုးကို နယ်မြေဒေသအသီးသီးတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သယ်ပိုးထမ်းရွက်ခဲ့ကြသော ပါတီဝင်ရဲဘော်အသီးသီးကို ပါတီက အထူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ဦးစွာ ဖေါ်ပြအပ်ပါသည်။ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဖြတ်သန်းကြရတော့မည် ဖြစ်ပါ သည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် မိမိတို့နိုင်ငံအနေဖြင့် မလွဲမသွေရင်ဆိုင်ကြရမည့် နိုင်ငံရေးတာဝန်များ သို့မဟုတ် စိန်ခေါ်ချက်များ ရှိနေသည်ဟု မိမိတို့ပါတီက အလေးအနက်ယုံကြည်ပါသည်။ တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို အခိုင်အမာ ရရှိစေရန် ဆောင်ရွက်ရေး၊  အင်အားစုအသီးသီးပါဝင်ပြီး ...


ပါတီလှုပ်ရှားမှုများ

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေး ကျင်းပ သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၁၇ ရက်နေ့လည်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ်၊ ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး အစည်းအရုံး၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော အမျိုးသားကွန်ဂရက် ပါတီ၊ MICS၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ အစရှိသည့်အဖွဲ့အစည်းများ အစည်းအဝေးတက်ရောက်ခဲ့ကြ ပါသည်။ အစည်းအဝေးတွင် ၂၀၁၇၊ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် သင်ဗဟိန်းရာပြည့်အခမ်းအနား အစီအစဉ်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေး သခင်ဗဟိန်းရာပြည့် အခမ်းအနား ကျင်းပရေး ကော်မတီအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၁၀ ရက် နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီ(ဌာနချုပ်)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၉ ရက် နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီ(ဌာနချုပ်)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ အစည်းအဝေးတက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ထို့နောက် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီး တာဝန်များခွဲဝေခဲ့ကြပါသည်။

၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်းသားလှုပ်ရှားမှု ၄၃ နှစ်ပြည့် အခမ်းအနား သို့တက်ရောက် မဆလစစ်အာဏာရှင် ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်းသားလှုပ်ရှားမှု ၄၃ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၇၊ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျ စားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗကသများအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသူများက အမှတ်တရစကားများ ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ ...


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ