စစ်တပ်တွင်းနေရာချထားမှုသတင်းများနှင့်ပတ်သက်၍

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၃/၂၀၁၀) (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၇   ရက်) သတင်းတွေအားလုံးက တညီထဲပြောနေရေးနေတာက ထိပ်ပိုင်း ၁၂၃၄ တပ်ရာထူးကအနားယူကြမည်ဆိုတာပဲဖြစ်သည်။ ၁၂၃၄ ဆိုသည် မှာ ၁။ ဗိုလ်သန်းရွှေ  ၂ ။ ဗိုလ်မောင်အေး ၃။ ဗိုလ်ရွှေမန်း ၄။ ဗိုလ်တင်အောင်မြင့်ဦး တို့ကိုဆိုလိုသည်။ အခြားရာထူးနေရာများနှင့် ပတ် သက်၍လည်း အသေး စိတ်ဖေါ်ပြထားကြသည်။ အတိကျတော့မည်သူမျှပြောနိုင်လိမ့်မည်မဟုတ်ပါ။ သို့အတွက်ယခုရေးသားချက်တွင် ခန့်မှန်း တွက်ချက်ရေးသားရသဖြင့် “လိမ့်မည်”တွေသာများလိမ့်မည်။ သေချာသည်မှာ ဖြစ်ပေါ်လာတော့မည့် အခြေခံဥပဒေ(၂၀၀၈) နှင့်လိုက်လျောညီထွေရှိရမည့် နေရာချထားမှုလုပ်ကိုလုပ်ရမည်။ သို့အတွက် နေရာချထားမှုသည် ကျယ်ပြန့်သလောက်အရေးပါလိမ့်မည်။ နေရာချထားမှု၏ အဓိကမဏ္ဍိုင်မှာ အာဏာ လက်မလွတ် ရေးနဲ့ ဆက်လက်ချုပ်ကိုင်ထားနိုင်ရေးသာဖြစ်သည်။

No Comments

တိုင်းရင်းသားအရေး နဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၂/၂၀၁၀) (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၆   ရက်) ကိုယ်ပိုင်အမြင်ပဲထုတ်ပြောလေသလား၊ ရေးပေးတာကိုပြောရရှာလေသလားတော့ဖြင့်အတိအကျမသိနိုင်ပါ။ ကရင်ပြည်နယ်အတွင်း မကြာသေးခင်က နေရာဒေသ (၆) နေရာခွဲပြီး “နယ်ခြားစောင့်တပ်” အဖြစ်ဖွဲ့စည်းအသွင်ပြောင်းသွားတဲ့ (ဒီကေဘီအေ) အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆိုသူကပြောသွားတဲ့စကားပါ။ “ မြန်မာ့သမိုင်းတွင် ပါတီနိုင်ငံရေးသမားလက်ထဲကို နိုင်ငံဦးဆောင်မှုတာဝန်များ အပ်ခဲ့စဉ်က မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုး စီးပွားရှေ့တန်းတင်မှုများကြောင့် အမျိုးသား အကျိုးစီးပွားလမ်းကြောင်းမှ သွေဖည်လွဲချော်သွားသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း” တဲ့။ “ပါတီနိုင်ငံရေးသမား”ဆိုတာ (ဖဆပလ/ပထစ) ခေတ်ကိုပြောတာဆိုရင်ဖြင့် အဲဒီ (ဖဆပလ) အစိုးရခေတ်ဟာဝေးခဲ့၊ ကြာခဲ့ပြီပဲ။ ပါတီနိုင်ငံရေးသမားတွေ အုပ်စိုးနိုင်ခဲ့တာ (၁၄) နှစ်သာသာမျှ ရှိတာပါ။ စစ်အုပ်စုက အုပ်စိုးခဲ့တာ(၄၈နှစ်) ရာစုနှစ်ဝက်ရှိတော့မည်။ သိပ်မဝေးလှသေးတဲ့ကာလဖြစ်တဲ့(မဆလ)ပါတီဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ အဆင်းရဲဆုံးတိုင်း [...]

No Comments

ဖျက်သိမ်းတာခံမလား/ ဖျက်သိမ်းရေးလုပ်ကြမလား

သုတေသနနှင့် လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၁/၂၀၁၀) (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၇  ရက်) နဂိုကမှ မကျယ်တဲ့ “စည်းဝိုင်း” ၊ အခုတော့ တစ်ရစ်ပြီးတစ်ရစ် တင်းကြပ်လို့လာနေပါပြီ။ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာလိုက်ပြီး၊ သြဂုတ်လ (၃၀) ရက်နေ့ကို လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးနေ့ရက်အဖြစ် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးလိုက်ပါတယ်။

No Comments

ခါးမှန်းသိသွားသူနဲ့ အသနားခံနေသူတွေ

သုတေသနနှင့် လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၀/၂၀၁၀) (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၆  ရက်) (၁) ဘာမျှမကြာလိုက်ပါ၊ ခါးမှန်းသိသူ  သိလာကြပြီ။ ၂၀၁၀ ရွေးကောက်ပွဲကို “လူထုတိုက်ပွဲပုံစံနဲ့ ဖြတ်သန်းရမယ်” ဟု ပြောခဲ့ဖူးသည့် (UDP)ပါတီဥက္ကဋ္ဌလည်း လက်ရှိဥက္ကဋ္ဌတာဝန်ကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မီဒီယာသတင်းတွေမှာ ကြားရသည်။ “ရွေးကောက်ပွဲအကြိုကာလမှာ ရှိသင့်ရှိထိုက်တဲ့ အခြေအနေတွေ မတွေ့ရဘူး၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ အခြေအနေ တစ်စုံတစ်ရာအတိုင်းအတာအရ မတွေ့ရလို့ ရွေးကောက်ပွဲနိုင်ငံရေးအခင်းအကျင်း (Electoral Politics) မှာ ပါဝင်တော့မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ကြောင်း” မီဒီယာတွေကို ထုတ်ပြောလိုက်ပါပြီ။

No Comments

(တစည) နဲ့ ကြံ့ဖွံ့ပါတီ

သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၉/၂၀၁၀) (၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်) (တစည) နဲ့ ကြံ့ဖွံ့ပါတီ ဟာ စစ်အုပ်စုက  မွေးထုတ်လိုက်တဲ့ တစ်အူထုံ့ဆင်း ညီအစ်ကိုအရင်းတွေပဲ။ ဒါပေမယ့် သူတို့မွေးပုံမွေးနည်းမှာ တူညီတဲ့ဘက်လည်းရှိသလို မတူညီတဲ့ဘက်တွေလည်း ရှိတယ်။

No Comments

နံပတ်ဝမ်းဖြစ်ချင်သူဟာ လက်ရှိနံပတ်ဝမ်းကို ဖယ်ရှားရမှာပဲ

သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၈/၂၀၁၀) (၂၀၁၀ ခုနှစ်၊ ဇွန်လ ၂၈ ရက်) “အပြောင်းအလဲ”ဆိုတာကို အာဏာကိုင်ထားနိုင်သူကသာ လုပ်နိုင်တယ်။ “အပြောင်းအလဲ” ဆိုတာမှာ အမြင့်ဆုံးမူပေါ်လစီတွေကနေ စပြီး၊ ရာထူးအဆင့်တာဝန် အပြောင်းအလဲထိ လုပ်ဆောင်တာကို ဆိုလိုပါတယ်။ ရာထူးအဆင့်တာဝန် အပြောင်းအလဲလုပ်တယ် ဆိုတဲ့နေရာမှာ ထုတ်ပစ်တာ/ ဖြုတ်ပစ်တာ/ ခန့်အပ်တာ/ ပြောင်းရွှေ့တာ/ အငြိမ်းစားပေးတာအထိ ပါဝင်ပါတယ်။

No Comments

တရားမျှတမှုလည်းမရှိဘူး ဥပဒေနဲ့လည်းမညီဘူး

သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၇/၂၀၁၀) (၂၀၁၀ ခုနှစ်၊ မေလ ၁၅ ရက်) “အပြောင်းအလဲ” ဆိုတာကို အာဏာကိုင်ထားနိုင်သူကသာ လုပ်နိုင်တယ်။ “အပြောင်းအလဲ” ဆိုတာမှာ အမြင့်ဆုံး မူပေါ်လစီတွေကနေစပြီး၊ ရာထူးအဆင့်တာဝန် အပြောင်းအလဲထိ လုပ်ဆောင်တာကို ဆိုလိုပါတယ်။ ရာထူးအဆင့်တာဝန် အပြောင်းအလဲလုပ်တယ်ဆိုတဲ့ နေရာမှာ ထုတ်ပစ်တာ/ ဖြုတ်ပစ်တာ/ ခန့်အပ်တာ/ ပြောင်းရွေ့တာ/ အငြိမ်းစားပေးတာအထိ ပါဝင်ပါတယ်။ အာဏာကို စိတ်ကြိုက်ကိုင်တွယ်ထားနိုင်တဲ့ ကာလအထိတော့ “အပြောင်းအလဲ” မှန်သမျှကို စိတ်တိုင်းကျ လုပ်နိုင်တယ်။ ဘယ်သူကမှ ဦးနင်းပဲ့ထောင် မလုပ်ဝံ့ဘူး။ မီးသေတယ်လို့ ပြောရမယ်ထင်တယ်။

No Comments