မှတ်ပုံတင်ပြီးနိုင်ငံရေးပါတီများ

မှတ်ပုံတင်ပြီးနိုင်ငံရေးပါတီများ (သြဂုတ် ၂၄ ရက်နေ့အထိ) စဉ် ပါတီအဖွဲ့အစည်းအမည် မှတ်ပုံတင်အမှတ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ ၁။ မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ)Mro Or Khami National Solidarity Organization (MKNSO) အမှတ်( ၁) ၂၀၁၀ ဧပြီလ ၂၈ ရက် ၂။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီNational Unity Party (NUP) အမှတ်(၂) ၂၀၁၀ ဧပြီလ ၂၉ ရက် ၃။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီLahu National Development Party အမှတ်(၃) ၂၀၁၀ ဧပြီလ ၂၉ ရက် အပြည့်အစုံသို့ —

No Comments

ဖျက်သိမ်းတာခံမလား/ ဖျက်သိမ်းရေးလုပ်ကြမလား

သုတေသနနှင့် လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၁/၂၀၁၀) (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၇  ရက်) နဂိုကမှ မကျယ်တဲ့ “စည်းဝိုင်း” ၊ အခုတော့ တစ်ရစ်ပြီးတစ်ရစ် တင်းကြပ်လို့လာနေပါပြီ။ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာလိုက်ပြီး၊ သြဂုတ်လ (၃၀) ရက်နေ့ကို လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးနေ့ရက်အဖြစ် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးလိုက်ပါတယ်။

No Comments

ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၀) – နိုင်ငံရေးပါတီများ ပါတီဝင်အင်အား စုဆောင်းခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော် ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၀) ၁၃၇၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက် ( ၂၀၁၀ပြည့်နှစ်၊ ဇွန်လ၂၁ ရက်) အကြောင်းအရာ။       ။ နိုင်ငံရေးပါတီများ ပါတီဝင်အင်အားစုဆောင်းခြင်း နိဒါန်း ၁။            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပ ပေးနိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

No Comments

၂၀၁၀ ရွေးကောက်ပွဲသည် မွန်တို့၏ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မည်လော

(၂၀၁၀) ခုနှစ်လယ် ရောက်လာပြီးဖြစ်၍ မြန်မာ့နိုင်ငံရေးတွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ငြင်းခုံသံများ ပိုမို ကျယ်လောင်သည်ကို တွေ့ရပေသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အသံထက် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် အသံက အခြားဒေသများနည်းတူ မွန်တို့ဒေသတွင်လည်း ပိုမို ကျယ်လောင်လာသည်ကို တွေ့နေရပေသည်။ ၂၀၁၀ ရွေးကောက်ပွဲ၏ အခြေခံအနှစ်သာရများ (၂၀၁၀) ရွေးကောက်ပွဲသည် စစ်အစိုးရ၏ စည်းကမ်းပြည့်ဝသည့် လမ်းညွှန် ဒီမိုကရေစီ လမ်းပြမြေပုံ၏ အဆင့်တခုဖြစ်သည်။ တနည်းအားဖြင့် စစ်အစိုးရ၏ အာဏာတည်မြဲရေး လမ်းပြမြေပုံ (၇) ဆင့်၏ (၅) ဆင့်မြောက် ဖြစ်သည်။ ဤအဆင့်ကို ကျော်ဖြတ်နိုင်ပါက စစ်အစိုးရသည် တိုင်းပြည်အာဏာကို ရှေရှည် ထိန်းထားနိုင်မည်ဖြစ်သည်။

No Comments

(တစည) နဲ့ ကြံ့ဖွံ့ပါတီ

သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၉/၂၀၁၀) (၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်) (တစည) နဲ့ ကြံ့ဖွံ့ပါတီ ဟာ စစ်အုပ်စုက  မွေးထုတ်လိုက်တဲ့ တစ်အူထုံ့ဆင်း ညီအစ်ကိုအရင်းတွေပဲ။ ဒါပေမယ့် သူတို့မွေးပုံမွေးနည်းမှာ တူညီတဲ့ဘက်လည်းရှိသလို မတူညီတဲ့ဘက်တွေလည်း ရှိတယ်။

No Comments

နိုင်ငံတော်စရိတ်နဲ့ စည်းရုံးတယ်လို့တော့ မဖြစ်သင့် – ဦးချစ်လှိုင်

ကျနော်သာဆိုရင်၊ ကျနော် နိုင်ငံခြားရေးဝန်ကြီးသာလုပ်နေရင် ၀န်ကြီးက ထွက်ပြီးတော့မှ အရွေးခံဖို့ စိတ်ကူးမှာပဲ။ လက်ရှိ တာဝန်တွေယူပြီးတော့ နိုင်ငံရဲ့ အခွင့်အရေးတွေ၊ နိုင်ငံရဲ့ သွားလာလှုပ်ရှားခွင့်တွေ၊ နိုင်ငံရဲ့ ယန္တရားတွေ၊

No Comments

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက်ရှင်သန်နေမည် – ရဲဘော်အောင်မိုးဇော်

အခု နအဖစစ်အုပ်စုက ကျနော်တို့တိုင်းပြည်ရဲ့လူထုခေါင်းဆောင်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို၊ နောက်တစ်ခုက ကျနော်တို့ဒီမိုကရေစီအင်အားစုတွေကို သည်းကြီးမည်းကြီးပေါ့နော် ချေမှုန်းနေတယ်။ နောက် သည်းကြီးမည်းကြီး အခုနကလို ဘေးရောက်သွားအောင် ကြိုးစားအားထုတ်နေတယ်။ အဲ့ဒီလိုအခြေအနေအောက်မှာ ဒီမိုကရေစီရေးလိုလားပါတယ်လို့ ကိုယ့်ကိုယ်ကို ပြောနေတဲ့ ပုဂ္ဂိုလ်တွေကြားထဲမှာ အဲ့ဒီအခုနက နအဖရဲ့ပေါ်လစီ၊ နအဖရဲ့ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေကို အသိနဲ့ပဲဖြစ်ဖြစ်၊ မသိဘဲ နဲ့ပဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ အထောက်အကူပြုနေတဲ့ သဏ္ဌာန်နှစ်မျိုးကို ကျနော်သတိထားမိတယ်ခင်ဗျ။

No Comments