ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေငြာချက်အမှတ်(၉၁/၂၀၁၀)

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော် ကြေငြာချက်အမှတ်(၉၁/၂၀၁၀) ၁၃၇၂ ခုနှစ်၊ ၀ါခေါင်လဆန်း ၈ ရက် (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၈ရက်) လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ၁။            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် (၁၃-၈-၂-၁၀၁၀) ရက်စွဲပါ ကြေငြာချက်အမှတ် (၈၉/၂၀၁၀) ဖြင့် လွှတ်တော် အသီးသီး အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေ့းကောက်ပွဲများကို ၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ်ကြေငြာပြီး ဖြစ်ပါ သည်။ ထို့အပြင် (၁၃-၈-၂၀၁၀)ရက်စွဲပါ ကြေငြာချက်အမှတ်(၉၀/၂၀၁၀)ဖြင့် လွှတ်တော်အသီးသီး၏ မဲဆန္ဒ နယ်များအတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့် နေ့ရက်နှင့် အမည်စာရင်းတင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက်ကိုလည်းကောင်း၊ လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို စိစစ်မည့် နေ့ရက်များကို လည်း ကောင်း၊ [...]

No Comments

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၃၄/ ၂၀၁၀

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၃၄/ ၂၀၁၀ ၁၃၇၂ ခုနှစ် ဝါခေါင်လဆန်း  ၁၀ ရက် (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်) ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ခရိုင်နှင့် မြို့နယ်များ၊ သတ်မှတ်ခြင်း ၁။         ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၄ တွင် ပြည်ထောင်စုနယ်မြေ ဖြစ်သည့် နေပြည်တော် အုပ်ချုပ်ရေးနယ်မြေနှင့် ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်း ဖော်ပြထားပါသည်။

No Comments

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၃၂/ ၂၀၁၀

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၃၂/ ၂၀၁၀ ၁၃၇၂ ခုနှစ် ဝါခေါင်လဆန်း  ၁၀ ရက် (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်) တိုင်းဒေသကြီးများ ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်ခြင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့် နေ့ မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည်  ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော် ဆောင်ရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက်ထားရန် ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၉ ပါပြဋ္ဌာန်းထားသည့်အတိုင်း— (က) စစ်ကိုင်းတိုင်းကို စစ်ကိုင်းတိုင်းဒေသကြီးအဖြစ်လည်းကောင်း၊

No Comments

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၃၃/ ၂၀၁၀

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၃၃/ ၂၀၁၀ ၁၃၇၂ ခုနှစ် ဝါခေါင်လဆန်း  ၁၀ ရက် (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရုံးစိုက်ရာမြို့များသတ်မှတ်ခြင်း ၁။         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို အောက်ပါတိုင်းသတ်မှတ်ထားသည်—

No Comments

ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၀) – နိုင်ငံရေးပါတီများ ပါတီဝင်အင်အား စုဆောင်းခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော် ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၀) ၁၃၇၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက် ( ၂၀၁၀ပြည့်နှစ်၊ ဇွန်လ၂၁ ရက်) အကြောင်းအရာ။       ။ နိုင်ငံရေးပါတီများ ပါတီဝင်အင်အားစုဆောင်းခြင်း နိဒါန်း ၁။            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပ ပေးနိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

No Comments

မှတ်ပုံတင်ပြီးနိုင်ငံရေးပါတီများ

မှတ်ပုံတင်ပြီးနိုင်ငံရေးပါတီများ (သြဂုတ် ၂၄  ရက်နေ့အထိ) စဉ် ပါတီအဖွဲ့အစည်းအမည် မှတ်ပုံတင်အမှတ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ ၁။ မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ) Mro Or Khami National Solidarity Organization (MKNSO) အမှတ်( ၁) ၂၀၁၀ ဧပြီလ ၂၈ ရက် ၂။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ National Unity Party (NUP) အမှတ်(၂) ၂၀၁၀ ဧပြီလ ၂၉ ရက် ၃။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ Lahu National Development Party အမှတ်(၃) ၂၀၁၀ ဧပြီလ ၂၉ ရက် ၄။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ Kokang Democracy and [...]

1 Comment

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ

နအဖစစ်အစိုးက ၂၀၁၀ ပြည့်နှစ်၊ မတ်လ (၈) ရက်နေ့တွင် ထုတ်ပြန်လိုက်သော ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို အောက်ပါအတိုင်း စုစည်းတင်ပြပေးထားပါသည်။

No Comments