Posted by DPNS on May 29th, 2010 in အပစ်ရပ်အဖွဲ့များ
၂၀၁၀ ဧပြီ ၂၈ ရက်နေ့နောက်ဆုံးထားပြီး (နယ်ခြားစောင့်၊ နယ်မြေစောင့်၊ ပြည်သူ့စစ်) တပ်ဖွဲ့များအသွင် ပြောင်းလဲကြရန် ကျန်ရှိနေသေးသည့် အပစ်ရပ်အဖွဲ့များအား နအဖ စစ်အစိုးရက ရာဇသံပေးခဲ့ဖူးသည်။ ထိုရာဇသံ အပေးခံရဘူးသည့် အပစ်ရပ်အဖွဲ့အစည်းတိုင်းက နအဖ သတ်မှတ်ပေးရက်မတိုင်မှီ မိမိတို့ တဖွဲ့ချင်းစီ၏ နိုင်ငံရေး ရပ်တည်ချက်ကို ပွင့်လင်းစွာ ဖော်ထုတ် ပြောဆိုခဲ့ကြသည်။ ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းသည်ပင်လျှင် နအဖအတွက် ဘဝင်မကျစရာ ဖြစ်နေပါလိမ့်မည်။ နိုင်ငံရေးအရလည်း အရှက်ရစရာတခု ထပ်မံ လက်ခံရရှိလိုက်တာမျိုး ဖြစ်နိုင်သည်။ အကျိုးဆက်အဖြစ် နအဖသည် ထိုအရှက်ရစရာတွေကို အငုတ်စိတ်ဖြင့် ရန်ညှိုးဖွဲ့၊ ရန်မီးပွားလာစေနိုင်သည်။ ဤအတိုင်းဖြစ်လာခဲ့လျှင် အပစ်ရပ်နိုင်ငံရေး ပြဿနာသည် လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်ရှိုင်းလာစေပါလိမ့်မည်။
Posted by DPNS on April 19th, 2010 in အပစ်ရပ်အဖွဲ့များ
လွန်ခဲ့သော အနှစ် ၂၀ ကျော်မှစတင်၍ လူမျိုးးစုံတိုင်းရင်းသား လက်နက်ကိုင်အင်အားစု အများအပြားသည် (နအဖ)အစိုးရနှင့် စစ်တိုက်ခြင်းမှ ရပ်စဲခဲ့ကြသည်။ အပစ်ရပ်အဖွဲ့တိုင်းသည် မိမိတို့၏ မူလနိုင်ငံရေးရည်ရွယ်ချက်ကို အပစ်ရပ်ကာလတွင် ဆက်လက် အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြကြပေလိမ့်မည်။ သို့သော် ထိုအပစ်ရပ်ကာလတွင် လူမျိုးစုံတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများသည် မိမိတို့၏ မူလနိုင်ငံရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ခွင့် ဘယ်လောက်အထိ ရရှိခဲ့ကြပါသလဲ … ဆိုတဲ့ မေးခွန်းတခုလည်း မေးစရာ ဖြစ်ပေါ်လာပါသည်။ ကာယကံရှင် အပစ်ရပ်အဖွဲ့များကတော့ မည်သို့ နိဂုံးချုပ် အဖြေထုတ်ကြမည်မသိသေး။
Posted by DPNS on March 23rd, 2010 in အပစ်ရပ်အဖွဲ့များ
အပစ်ရပ်အဖွဲ့များ၏ နောက်ခံအကျဉ်းနှင့် လက်ရှိနောက်ဆုံး အနေအထား လွတ်လပ်ရေးရပြီးစ (၃) လအတွင်းမှာပင် ပြည်တွင်းစစ်စတင်ဖြစ်ခဲ့သည်။ ခေတ်အဆက်ဆက် အုပ်စိုးသူများသည် ပြည်တွင်း စစ်ကို မှန်ကန်စွာမဖြေရှင်းခဲ့သဖြင့် ယနေ့အထိတိုင် တောက်လောင်နေဆဲဖြစ်သည်။ နဝတ- နအဖ စစ်အစိုးရ၏ မမှန်ကန်သော ချဉ်းကပ်ဖြေရှင်းမှုများကြောင့် ယခုရရှိနေသော အပစ်အခတ်ရပ်စဲရေး ကိစ္စများမှာလည်း ပြီးပြည့်စုံသော ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် အဆင့်ရှိသော ခြေလှမ်းများ ဖြစ်မလာခဲ့ပါ။ အပစ်ရပ်အဖွဲ့များ၏ နောက်ခံအကျဉ်း ၁၉၈၉ ခုနှစ် နှစ်ဆန်းပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားသည့် နောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးကိစ္စများ ဆက်တိုက်ပေါ်ပေါက်လာသည်။ ကိုးကန့်တပ်ဖွဲ့များ (၁၂-၃-၈၉) ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ပြီးနောက် ပထမဦးဆုံး အပစ်အခတ်ရပ်စဲခဲ့သည်။ ထိုမှစ၍ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာ (၆-၄-၉၇) ရက်နေ့တွင် အပစ်ရပ်ခဲ့သော ဦးစောထွန်းဦးခေါင်းဆောင်သည့် [...]