ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

June 2019
M T W T F S S
« May   Jul »
 12
3456789
10111213141516
17181920212223
24252627282930

ရခိုင်ပြည်နယ် လေလာရေးခရီးစဉ်အတွင်း ကျောက်တော်ဒေသခံလူထုနှင့် တွေ့ဆုံခဲ့

ဇွန်၊ ၁၉၊ ၂၀၁၉။ ကျောက်တော်မြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမျာအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ် ၁၄ ဦး ပါဝင်သည့် ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့သည် ဇွန်လ ၁၉ရက်နေ့နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်း၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်နှင့် ကန်စောက် စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြပါသည်။ ထိုစခန်းများရှိ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံ၍ စခန်းအခြေအနေများကို လေ့လာခဲ့ပြီး အလှူငွေများလည်း ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ALD ၏ စီစဉ်ပေးမှုဖြင့် နေ့လည် ၁း၀၀ နာရီတွင် ကျောက်တော်ဒေသခံလူထုနှင့် တွေ့ဆုံပွဲကို ကျောက်တော်မြို့၌ ပြုလုပ်ခဲ့ပါသည်။

DPNS တွဲဖက်အအထွေထွေ အတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက SYCB စင်တာတွင် “လက်ရှိနိင်ငံရေး”ခေါင်းစဉ်ဖြင့်သွားရောက်ဆွေးနွေး

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် SYCB ၏ ဖိတ်ကြားချက်အရ DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးတိုးတိုးထွန်းသည် SYCB လူငယ်လေ့ကျင့်ရေးစင်တာသို့ သွားရောက်၍ “လက်ရှိနိင်ငံရေး”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ ၂၂၊ ၆၊ ၂၀၁၉။ ရန်ကုန်။

ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့၏ သမ္မတထံ အိတ်ဖွင့်ပေးစာ

ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့သည် ဇွန်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းသို့ သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ၊ လွှတ်တော်၊ စစ်ဘေးဒုက္ခသည်တွေ၊ ဒေသခံပြည်သူလူထုတွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ခရီးစဉ်တွေ့ရှိချက်များကို ၂၀၁၉၊ ဇွန် ၂၇ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါသည်။

ရခိုင်ပြည်နယ် လေ့လာရေး သတင်းစာရှင်းလင်းပွဲ

SYCB facebook page မှ ကူးယူဖော်ပြသည်။

ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ

Posted by Students and Youth Congress of Burma – SYCB on Thursday, 27 June 2019