ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

September 2018
M T W T F S S
« Aug   Oct »
 12
3456789
10111213141516
17181920212223
24252627282930

DPNS မြင်းခြံရွေးကောက်ပွဲအောင်နိုင်ရေး(၉၊ ၉၊ ၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာ ၉ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်အမှတ် ၁၇၊ ၁၈၊ ၇(ခ)၊ ၄(အေးကျင်း) ရပ်ကွက်များရှိ ပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပါတီ၏ရပ်တည်ချက်နှင့် မူဝါဒများကို ပြည်သူများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။

SYCB-Youth Training Center တွင် ဖက်ဒရယ်စနစ်အကြောင်းသင်တန်းပြုလုပ်

SYCB-Youth Training Center တွင် ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဖက်ဒရယ်စနစ်အကြောင်း ၅ ရက်တာသင်တန်း ပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးထက်စံ သွားရောက်၍ သင်တန်းပို့ချခဲ့ပါသည်။

ပါတီဌာနချုပ်၊ ပြည်ခရိုင်စည်းရုံးရေးကော်မတီနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီတို့ အစည်းအဝေးကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်၊ ပြည်ခရိုင်စည်းရုံးရေးကော်မတီနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟက ဌာနချုပ်၏ ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ခရိုင်စည်းရုံးရေးကော်မတီဝင်များနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီဝင်များကလည်း ၎င်းတို့၏ ဆောင်ရွက်ထားမှုအခြေအနေများ၊ ဒေသအခြေအနေများကို ပြန်လည်တင်ပြခဲ့ကြပါသည်။ ထို့နောက် ပါတီရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

DPNS မြင်းခြံရွေးကောက်ပွဲအောင်နိုင်ရေး(၈၊ ၉၊ ၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ စက်တင်ဘာ ၈ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၆၊ အမှတ် ၁၊ အမှတ် ၂ ရပ်ကွက်နေပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပြည်သူများနှင့် တရင်းတနှီး တွေ့ဆုံခဲ့ကြပါသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်စည်းရုံးရေးခရီးစဉ်(၇၊၉၊၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ စက်တင်ဘာ ၇ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၂၊ အမှတ် ၁၃၊ အမှတ် ၁၄၊ အမှတ် ၁၅ ၊ အမှတ် ၁၉ ရပ်ကွက်များသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း မဲဆွယ်စည်းရုံးခဲ့ကြပါသည်။

ဆွာတမံရေဘေးဒဏ်သင့်ကျောင်းများအား စာရေးကိရိယာလှူဒါန်း

ဆွာတမံလက်တံကျိုးပေါက်မှုကြောင့် ရေလွှမ်းမိုးမှုခံရသော လေးအိမ်စုကျေးရွာမူလွန်ကျောင်း၊ ဝမ်းမကြီးကျေးရွာ မူလွန်ကျောင်းနှင့် သဖန်းဇင်ကျေးရွာမူလွန်ကျောင်းတို့အား ဗလာစာအုပ်ဒါဇင် ၅၀ဒါဇင် နှင့် ပေတံ ၅၀ချောင်းတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)က လှိုင်မြို့နယ် DPNSဥက္ကဋ္ဌ ဦးမြတ်လင်းလင်းထွေးမှတဆင့် ပေးပို့လှူဒါန်းခဲ့ပါသည်။ လေးအိမ်စုမူလွန်ကျောင်းအတွက် ကျောင်းအုပ်ဆရာကြီး ဦးသော်ဇင်၊ ဝမ်းမကြီးကျေးရွာမူလွန်ကျောင်းအတွက် လက်ထောက်ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးနှင့် သဖန်းဇင်ကျေးရွာမူလွန်ကျောင်းအတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးတို့က လက်ခံရယူခဲ့ကြပါသည်။

 မြင်းခြံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး တတိယမြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၅ ရက်နေ့တွင် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်)နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၉ ရပ်ကွက်၊ အေးမြသီတာဈေးနှင့် စည်ပင်သာယာဈေးများသို့သွားရောက်၍ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ ဈေးအတွင်းရှိ ပါတီလိုလားထောက်ခံသူများကလည်း ၀ိုင်းဝန်းကူညီပေးခဲ့ကြပါသည်။

 မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေး ဒုတိယမြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၄ ရက်နေ့တွင် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရှိ အမှတ် ၂၊ အမှတ်၂၀၊ အမှတ် ၄ ရပ်ကွက်များသို့ အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီ၏ လုပ်ငန်းစဉ်အဖြစ် အမှတ်(၂)ရပ်ကွက်တွင်လည်း ရပ်ကျေးဆိုင်းဘုတ် တင်ခဲ့ပါသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်း ၀င်ရောက်ယှဉ်ပြိုင်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(DPNS ဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေး စတင်သည့် စက်တင်ဘာ ၃ ရက်နေ့တွင် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရှိရပ်ကွက်များသို့ တအိမ်တက်ဆင်း၊ တလမ်းဝင်တလမ်းထွက် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ ပြည်သူ့အတွက် မှန်ကန်သောရွေးချယ်မှုဖြစ်စေရန် ဦးဖြိုးဟန်ကို မဲပေးကြဖို့ ပါတီအနေဖြင့် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၄)၊ စက်တင်ဘာလ၊ ၂၀၁၈။

စာစဉ်ရယူရန် ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၄)၊ စက်တင်ဘာလ၊ ၂၀၁၈။

bulletin_2-4_2018