ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

ကျားမတန်းတူညီမျှမှုရှိစေရန် စည်းရုံးလှုံ့ဆော်ခြင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများတည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ

DIPD က စီစဉ်ကျင်းပသည့် ကျားမတန်းတူညီမျှမှုရှိစေရန် စည်းရုံးလှုံ့ဆော်ခြင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများတည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို၂၀၁၈ ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ Rose Garden ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ပါတီတွင်းအမျိုးသမီးကွန်ရက်တည်ဆောက်မှုနှင့် နိုင်ငံရေးတွင်အမျိုးသမီးများပါဝင်လာရန် အရေးကြီးပုံတို့ကို ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်ပါတီမှ Ms. Anne Katrine S Carlbaek က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီပေါင်း ၂၀ မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အမျိုးသမီးခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အင်္ဂပူမြို့နယ် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ဆွေးနွေးပွဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အင်္ဂပူမြို့နယ် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များအား ပါတီမိတ်ဆက်နှင့် အထွေထွေနိုင်ငံရေးသဘောထား ဖွဲ့စည်းပုံတို့ ရှင်းလင်းတင်ပြဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၈ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ပါတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းနှင့်အဖွဲ့ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ တောင်ပို့ကျေးရွာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ေ

အင်္ဂပူမြို့နယ် ၊ နွားခြံကျေးရွာအုပ်စု ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်လျှောက်လွှာ စုပေါင်းပေးအပ်ပွဲ

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်လျှောက်လွှာ စုပေါင်းပေးအပ်ပွဲကို ၂၀၁၈၊ ဇွန်လ ၂၈ ရက်နေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ပါတီဗဟိုစည်းရုံးရေးကော်မတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းနှင့် အင်္ဂပူမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းတို့က အမှာစကားပြောကြားခဲ့ကြပြီး ပါတီဝင်လျှောက်လွှာများကို ဦးတိုးတိုးထွန်းက လက်ခံရယူခဲ့ပါသည်။ ထို့နောက် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲ

The Wings Intitute က စီစဉ်ကျင်းပသည့် “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်(အတွင်းရေးမှူး-ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဒေါ်စူဇန်နာလှလှစိုး(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးမြအေး(ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု)တို့ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

NNER နှင့် တက္ကသိုလ်ဆရာဆရာများအသင်းတို့ ပူးပေါင်းကျင်းပသည့် ပညာရေးဟောပြောဆွေးနွေးပွဲ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နှင့် တက္ကသိုလ်ဆရာဆရာများအသင်းတို့ ပူးပေါင်းကျင်းပသည့် ပညာရေးဟောပြောဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့တွင် အင်းစိန်မြို့ ရန်ကုန်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေးတွင် ဆရာသမဂ္ဂများ၏ အခန်းကဏ္ဍ ဟူသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

NNER ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့များ၏ ၆ လပတ်အစည်းအဝေး(ပထမနေ့)

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့များ၏ ၆ လပတ်အစည်းအဝေးကို ၂၀၁၈၊ ဇွန်လ ၂၂ ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ ရန်ကုန်မျက်မမြင်ကျောင်း၌ ကျင်းပခဲ့ပါသည်။ နံနက်ပိုင်းတွင် လုပ်ငန်းအဖွဲ့များ၏ ၆ လတာအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား တင်ပြခဲ့ကြပါသည်။ NNER ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သည့် DPNS အတွင်းရေးမှူး ၁ ဒေါ်နှင်းနှင်းမွှေးလည်း အစည်းအဝေးတက်ရောက်ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍအကြောင်း ဟောပြောဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ ဒေါက်တာသိန်းလွင်နှင့် Ms Helen Dabu တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။

ပါတီဥက္ကနှင့်အဖွဲ့ မြင်းခြံမြို့နယ်တွင် အစည်းအဝေးကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်ဦးဆောင်သောအဖွဲ့သည် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ၂၀၁၈ ဇွန်လ ၁၈ ရက်နေ့တွင် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြင်းခြံမြို့နယ်၏စည်းရုံးရေးအခြေအနေများ၊ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကော်မရှင်၏သဘောထား၊ မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေများကို ပြောကြားတင်ပြခဲ့ပါသည်။ တက်ရောက်လာသည့် ပါတီကိုယ်စားလှယ်များကလည်း ရွေးကောက်ပွဲဆိုင်ရာ သဘောထားအမြင်များ အကြံပြုချက်များကို ပြန်လည်တင်ပြခဲ့ကြပါသည်။

(၄၄) နှစ်မြောက် ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှုနှစ်ပတ်လည်အခမ်းအနား

ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဗကသများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်သားဟောင်းများနှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းသားများ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးက သဝဏ်လွှာများပေးပို့ခဲ့ကြပြီး ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။

(၄၄) နှစ်မြောက် ဇွန် – ၆ အလုပ်သမားသပိတ် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ (၆၊ ၆၊ ၂၀၁၈)

(၄၄) နှစ်မြောက် ဇွန် – ၆ အလုပ်သမားသပိတ် နှစ်ပတ်လည်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ (၆၊ ၆၊ ၂၀၁၈)

Page 1 of 212