ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

ပညာရေးဥပဒေကြမ်းများ လေ့လာသုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ

အစိုးရက လတ်တလောထုတ်ပြန်ထားသည့် ပညာရေးဥပဒေကြမ်းများအား လေ့လာသုံးသပ်ခြင်းဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၈ ဇန်နဝါရီ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစိုးရက လတ်တလောထုတ်ပြန်ထားသည့် ပညာရေးဥပဒေမူကြမ်းလေးခုအနက် အခြေခံပညာရေးဥပဒေ(မူကြမ်း) အဆင့်မြင့်ပညာရေးဥပဒေ(မူကြမ်း)တို့ကို လေ့လာသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ NNER အတွင်းရေးမှူးအဖွဲ့ဝင်များ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြရာ လုပ်ငန်းအဖွဲ့ဝင်တဦးဖြစ်သည့် DPNS အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ရေကြည်မြို့နယ် ကြာကန်ကျေးရွာအုပ်စု ရုံးခန်းဖွင့်ပွဲ

ဧရာဝတီတိုင်းဒသကြီး ရေကြည်မြို့နယ် ကြာကန်ကျေးရွာအုပ်စု ရုံးခန်းဖွင့်ပွဲကို ၂၀၁၈ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ရုံးခန်းဖွင့်ပွဲကို ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ဒေသတွင်းဖွံ့ဖြိုးရေးကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့်CSOများ၏ကဏ္ဍ ဆွေးနွေးပွဲ သို့တက်ရောက်

သံလွင်​(Citizen Empowerment Program)နှင့် Triangle Women’s Support Group တို့ ပူးပေါင်းစီစဉ်သည့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို နေပြည်တော်၊ သာဝတ္ထိ၌ ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ “ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် နေပြည်​​တော်​ စည်​ပင်​သာယာ​ရေး​ကော်​မီတီဝင်​နှင့် ခရိုင်​ ဒီချုပ်​ဥက္ကဋ္ဌ ဦးမင်းသူ က အဖွင့်​အမှာစကား ​ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေရှု​ထောင့်​မှ၎င်း၊ ဦးခင်​​မောင်​​ဇော်​(ဆရာဇော်ဝင်းကို)က တရားဥပ​ဒေစိုးမိုး​ရေးရှု​ထောင့်​မှ၎င်း၊ ဒေါက်တာတင့်​ထူးနိုင်​က စီးပွား​ရေးရှု​ထောင့်​မှ​၎င်း ​ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

[Show slideshow]

DPNS နှင့် ABSDF တွေ့ဆုံဆွေးနွေး

ရဲဘော်လှဌေး ခေါင်းဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ တာဝန်ရှိသူများသည် ၂၀၁၈ ဇန်နဝါရီလ ၁၂ ရက်နေ့လည် ၁း၀၀ နာရီတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်သို့ လာရောက်၍ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့် ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ABSDF တာဝန်ရှိသူများက အမျိုးသားတန်းတူရေးနှင့် ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန် အခြေခံစာတမ်းကို အဆိုကြမ်းအဖြစ် တင်ပြခဲ့ကြသည်။ ပါတီတာဝန်ရှိသူများက လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် NCA အလားအလာတို့ကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ရန်ကုန်တိုင်းကျောက်တံတားမြို့နယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာနှင့်DVB Editorial Talk

 အစိုးရ ကတိက၀တ် ဖော်ဆောင်နိုင်မှုအပေါ် သုံးသပ်ချက် DVB : Editorial Talk

နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ညစာစားပွဲ သို့တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က တည်ခင်းဧည့်ခံသည့် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ညစာစားပွဲကို ၂၀၁၈ ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညစာစားပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒုတိယသမ္မတများ လွှတ်တော်ဥက္ကဋ္ဌများ ရေးရာကော်မတီဥက္ကဋ္ဌများ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိများ ပြည်ထောင်စုဝန်ကြီးများ နိုင်ငံရေးပါတီများ နိုင်ငံခြားသံတမန်များ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါညစာစားပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။

[Show slideshow]

နှစ်(၇၀)မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီမှ တက်ရောက်

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားကို ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ နိုင်ငံရေးပါတီများ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြရာ DPNS ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။

DPNS COCများ ဘိုကလေးစည်းကော်မတီနှင့် တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်သက်ဇွန်လင်းထင် လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ ကိုရဲအောင်အေး တို့ပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ဇန်နဝါရီလ ၄ ရက် နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့သို့ ရောက်ရှိခဲ့ပါသည်။ ထိုသို့ရောက်ရှိရာတွင် ဘိုကလေးမြို့နယ်စည်းရုံးရေးကေိာမတီဥက္ကဋ္ဌ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံပြီး မြို့နယ်စည်းရုံးရေးအခြေအနေများ ဌာနချုပ်၏ ဆောင်ရွက်ထားရှိမှုများကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပါသည်။

DPNS ဗဟိုဦးဆောင်ကော်မတီနှင့် WWC တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီနှင့် ပါတီ၏ အမျိုးသမီးလုပ်ငန်းကော်မတီ – WWC(Women Working Committee) တို့သည် ၂-၁-၂၀၁၇ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒီဇင်္ဘာ ၂၇- ၂၈ တို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးရရှိချက်များ ရှေ့လုပ်ငန်းစဉ်များကို WWC အဖွဲ့ဝင်များက တင်ပြဆွေးနွေးခဲ့ပါသည်။ ၂၉- ၃၀- ၃၁ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အမျိုးသမီးခေါင်းဆောင်မှုသင်တန်း ရရှိချက်နှင့် အခြေအနေတို့ကိုလည်း တင်ပြခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌနှင့် ပါတီတာဝန်ရှိသူများက WWC ပေါ်ပေါက်လာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် ပါတီအနေဖြင့် တတ်နိုင်သ၍ ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သိလိုသည်များနှင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

[Show slideshow]