ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေး(၈.၁.၂၀၁၇)

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၈၊ ၁၊ ၁၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ ၄၊၁၊၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သဘောထားကြေညာချက်နှင့် ပတ်သက်သောကိစ္စများ၊ နယ်များတွင် မှိုင်းငြိမ်းကွန်ရက်များ တိုးချဲ့ဖွဲ့စည်းရေး၊ ရွှေတောင်မြို့ ဝါးလည်ရွာတွင် ဆောက်လုပ်မည့် ငြိမ်းချမ်းရေးဗိမာန်တည်ဆောက်ရေး အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်၏ဒုတိယအကြိမ်မြောက် အမျှအတန်းပေးဝေပွဲနှင့် မိသားစုတွေ့ဆုံပွဲ(၈.၁.၂၀၁၇)

၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်မှ စီစဉ်ကျင်းပသော ကွယ်လွန် အလုပ်သမားရဲဘော်ကြီးများအတွက် ဒုတိယအကြိမ်မြောက် အမျှအတန်းပေးဝေပွဲနှင့် မိသားစုတွေ့ဆုံပွဲကို ၈၊၁၊၁၇ ရက်နေ့က အင်းစိန်မြို့နယ်ရှိ အောင်ဇေယျဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ သက်ရှိထင်ရှား သပိတ်မှောက်အလုပ်သမားဟောင်းကြီးများ၊ ကွယ်လွန်သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေနိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက ကွယ်လွန်သူရဲဘော်ကြီးများအတွက် ဂုဏ်ပြုအမှတ်တရစကားများလည်း ပြောကြားခဲ့ကြပါသည်။

လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းခြင်း

လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းပြီးစီးကြောင်း သတင်းစာရှင်းလင်းပွဲကို ၅ ၊၁၊ ၁၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ YNS ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းပွဲတွင် လူ့ဘောင်သစ်လူငယ် သမိုင်းကြောင်း၊ မူဝါဒ၊ ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ သတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။

အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထား တင်ပြချက်

” ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ် (ဗဟို လုပ်ငန်းကော်မတီ)တို့ အပါအဝင် အမျိုးသားအင်အားစုများ (အဖွဲ့အစည်းပေါင်း ၆၂ ဖွဲ့)၏ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော တင်ပြချက်ကို ယနေ့ (၆၉ နှစ်မြောက် လွတ်လပ် ရေးနေ့)တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။ ”

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) လုပ်ငန်းအဖွဲ့အစည်းအဝေး(၄.၁.၂၀၁၇)

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၄၊၁၊၁၇ ရက်နေ့ ညနေပိုင်းက NNER ရုံးခန်း၌ ကျင်းပခဲ့ပါသည်။ ဇန်နဝါရီ ၂ ရက်နေ့က ပြုလုပ်ခဲ့သော NNER အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှတ်တမ်းအား ပြန်လည်တင်ပြခြင်း၊ CSO Forum နှင့် NNER ချိတ်ဆက်ဆောင်ရွက်သင့်သည်များ၊ NNER ပညာရေးမူဝါဒဆိုင်ရာ ဖိုရမ်ပြုလုပ်ရေး အစရှိသည့်ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

Page 2 of 212