ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

August 2016
M T W T F S S
« Jul   Sep »
1234567
891011121314
15161718192021
22232425262728
293031  

မိတ်ဆွေအင်အားစုများဆက်ဆံရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ၅/၂၀၁၆

မိတ်ဆွေအင်အားစုများ ဆက်ဆံရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၆) ၁။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) သည် (၂၄၊ ၁၀၊ ၂၀၁၄) ရက်နေ့မှ စတင်၍ တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။ ၂။ ၎င်းကာလမှ ယနေ့ (၂၇၊ ၈၊ ၂၀၁၆)အထိ မိတ်ဆွေအင်အားစုအဖြစ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ (UNA +)၊ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အ ထည်ဖော်ရေးကော်မတီ၊ ပညာရေးစံနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် စသည်တို့တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ပြုခဲ့ပါသည်။ ၃။ မိမိတို့အနေဖြင့် အခြားနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များ အားလုံးကို အလေးထား လေးစားသည့် သဘောထား အခြေခံ ရှိသော်လည်း အဓိကကျသော နိုင်ငံရေးသဘောထားများနှင့် ပတ်သက်၍ အထက်ပါ အင်အား စုများတွင်သာ ပါဝင် ဆောင်ရွက်မှု ရှိခဲ့ပါသည်။ အခြားသော ပါတီ၊ အစုအဖွဲ့များတွင် ယနေ့အထိ ပါဝင်ဆောင်ရွက်ခဲ့မှု တစုံတရာ မရှိခဲ့ပါ။ ၄။ ယခုရက်အနည်းငယ်အတွင်း ထွက်ပေါ်လာသည့် စစ်မှန်သောဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(ဧရာဝတီ) အမည်ဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက် တရပ် ထွက်ရှိလာခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်သည် မိမိတို့ပါတီနှင့် မပတ်သက်ကြောင်း၊ အဆိုပါ အင်အားစုအတွင်း မိမိတို့ပါတီအနေဖြင့် ပါဝင်ဆောင်ရွက်မှု မရှိကြောင်း မိတ်ဆွေနိုင်ငံရေးအင်အားစုအသီးသီးနှင့် ပြည်သူအများ သိရှိ စေရန် ထုတ်ပြန် ကျေညာအပ်ပါသည်။ ၅။ ဒေသဆိုင်ရာ ပါတီစည်းရုံးရေးကော်မတီအသီးသီးအနေဖြင့် မိမိတို့ဒေသတွင်း ဆောင်ရွက်ဖွယ် ကိစ္စရပ်များကို သီးခြား လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိကြသော်လည်း နိုင်ငံလုံးဆိုင်ရာကိစ္စရပ်များ၊ ပါတီအတွက် အဓိကကျသည့် အခြားအင်အားစုများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ မူသဘောဆောင်သော ထုတ်ပြန်ကျေညာမှုများ အား ပါတီဗဟိုစည်းရုံးရေးကော်မတီ၏ တာဝန်ခံမှုဖြင့်သာ ဆောင်ရွက်ကြောင်းကို အသိပေး ထုတ်ပြန်အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဩဂုတ် (၂၇) ရက်။