(၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ၁။ ကယန်းပြည်သူတို့၏ အမျိုးသားပေါင်းစည်းမှု အောင်မြင်ခြင်းအမှတ်အသားဖြစ်သည့် ကယန်းအမျိုးသားနေ့ အခါ သမယတွင် မိမိတို့ပါတီက ဤဂုဏ်ပြုသဝဏ်လွှာဖြင့် ကယန်းအမျိုးသားထုတရပ်လုံးကို နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။ ၂။ ကယန်းအမျိုးသားပြည်သူတို့ သမိုင်းတလျှောက် စွဲမြဲခိုင်မာစွာ ကိုင်စွဲခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စံနစ် အကုန်အစင် ဖျက်သိမ်းရေး စသည့် ရပ်တည် ချက်များကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ပြည့်ပြည့်ဝဝ ထောက်ခံပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။ ၃။ ရှေ့ အနာဂတ်ကာလများတွင်လည်း မပြီးပြတ်နိုင်သေးသည့် လူမျိုးစုံအမျိုးသားပြည်သူတို့ လွတ်မြောက်ရေး၊ ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဖက်ဒရယ် ပြည် ထောင်စုကြီး တည်ဆောက်ရေး စသည့် တာဝန်များ ပြီးပြတ်အောင်မြင်သည်ထိ မိမိတို့ပါတီသည် ကယန်းအမျိုးသားပြည်သူ တို့နှင့် အခိုင် အမာ သွေးစည်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ချစ်ကြည်စွာ ဖော်ပြလျက် ဤ သဝဏ်လွှာကို ပေးပို့ ဂုဏ်ပြု အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ (၁၀) ရက်။