ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

January 2015
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  

မန္တလေးမြို့ ဒေသဆိုင်ရာ လူထုစည်းဝေးပွဲကြီးသို့ပေးပို့သောလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

၁။ မန္တလေး ဒေသတွင်းရှိ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သမဂ္ဂများ စသည့် အင်အားစုပေါင်းစုံပါဝင်လျက် ကျင်းပပြုလုပ်သည့် ယနေ့ လူထုစည်းဝေးပွဲကြီးသည် နိုင်ငံသားပြည်သူတို့က မိမိတိုအရေးကို မိမိတို့ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် ဆွေးနွေ၊းအဖြေရှာကြရန် အားထုတ်၊ကြိုးပမ်းမှုကြီးတစ်ရပ်အဖြစ် မိမိတို့ပါတီက လှိုက်လှဲစွာ ထောက်ခံ၊ကြိုဆိုအပ်ပါသည်။ ၂။ မိမိတို့နိုင်ငံအတွင်း အနိမ့်ဆုံးအခြေခံလစာကဲ့သို့ အခွင့်အရေးမျှကိုပင် ရေရာစွာ အာမခံချက်မရရှိဘဲ မိမိတို့အခြေခံ ရပိုင်ခွင့် များအတွက် တောင်းဆိုလှုပ်ရှားနေကြသော အလုပ်သမားများ၊ မိမိတို့ပိုင် လယ်ယာမြေများ လက်လွတ်ဆုံးရှုံးနေကြရခြင်းအတွက်တရားမျှတစွာ ပြန်လည်ရရှိရေးနှင့် မိမိတို့နှင့်တိုက်ရိုက်သက်ဆိုင်သော မြေယာဆိုင်ရာ မူဝါဒများ ဥပဒေများရေးဆွဲရာ၌ မိမိတို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး၊ဆုံးဖြတ်ခွင့် ရရှိရေးများအတွက်အသက်စွန့်ဆံဖျား အားထုတ်တောင်းဆိုနေကြသော လယ်သမားများ၊ ဒီမိုကရေစီပညာရေးစံနစ် ပေါ်ပေါက်၊ဖွံ့ဖြိုးနိုင်ရေးနှင့် ကျောင်းသားနှင့်ဆရာ ကိုယ်စားလှယ်များကိုယ်တိုင် အကျေအလည် ပါဝင်ဆွေးနွေး၊ပြဋ္ဌာန်းနိုင်သော ပညာရေးမူဝါဒတစ်ရပ်ရရှိရေးအတွက် သပိတ်မှောက် တောင်းဆိုနေကြသော ကျောင်းသားများ စသည့်လူထုလှုပ်ရှားမှုများကို မြင်တွေ့နေရပေသည်။ ဤကဲ့သို့ နိုင်ငံသားပြည်သူတို့၏ အခြေခံပိုင်ခွင့်များရရှိနိုင်ရေး တောင်းဆိုလှုပ်ရှားမှုများကို မိမိတို့ ထောက်ခံ၊ဝန်းရံသွားမည်ဖြစ်ပြီး ဤသို့ တောင်းဆိုလှုပ်ရှားမှုများအတွက် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီး၊အရေးယူခံရခြင်း၊အကြမ်းဖက် နှိပ်ကွပ်ခြင်း အမျိုးမျိုးကို ဆန့်ကျင်၊ကန့်ကွက်သွားမည် ဖြစ်ပါသည်။ ၃။ တပြိုင်နက်တည်းတွင် မိမိတို့ တိုင်းပြည်၏ လက်ငင်းနိုင်ငံရေးပြသနာများကို ဖြေရှင်းနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုဆန္ဒနှင့်အညီ ဒီမိုကရေစီ စံချိန်၊စံညွှန်းကိုက်ညီပြီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံနိုင်သော အခြေခံဥပဒေတရပ် ဖြစ်လာသည်အထိ ပြုပြင်နိုင်ရေး -နှေးကွေး၊ဖုထစ်လျက်ရှိသော လက်နက်ကိုင်အင်အားစုအားလုံးကိုလွှမ်းခြုံနိုင်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးတိုးတက်မှု ရရှိလာနိုင်ရေး -နိုင်ငံရေးပြဿနာအရပ်ရပ်အား တွေ့ဆုံ၊ဆွေးနွေး အဖြေရှာနိုင်ကြရန် တမျိုးသားလုံးဆိုင်ရာကိုယ်စားပြုမှုရှိသည့် အင်အားစုပေါင်းစုံပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီး အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေး – စသည့် အဓိကကျသောနိုင်ငံရေးတာဝန်များအား မိတ်ဆွေအင်အားစုများနှင့်တကွ၊ လူမျိုးစုံပြည်သူလူထုကြီးနှင့်အတူ ဝိုင်းဝန်း၊လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက်တင်ပြရင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၅ ခုနှစ်၊ ဇန္နဝါရီလ၊ (၁၆)ရက်။