1 2 3 4 5

အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မယ်ဆိုရင် အားလုံးပါဝင်ဖို့လိုတယ်

VOA တိုက်ရိုက်လေလှိုင်း (၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၅)

ပြီးခဲ့တဲ့သတင်းပတ်မှာ သတင်းတွေနားထောင်ခဲ့ကြမယ်ဆိုရင်ဖြင့် ပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာ မြန်မာအစိုးရကနေပြီးတော့ ပြည်ပမှာအခြေစိုက်တဲ့၊ အဓိကပြောရရင်တော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးနောက်ပိုင်းမှာ ပေါ်လာခဲ့တဲ့အဖွဲ့အစည်းတွေ လို့ဆိုရမှာပေါ့လေ။ ဒီအဖွဲ့အစည်းတွေကို စကားပြောဖို့ဆိုပြီးတော့ ကမ်းလှမ်းတာတွေ ဆက်တိုက်လိုလိုပဲ ထွက်ခဲ့ပါတယ်။ ဒီအဖွဲ့ အစည်းတွေဖက်ကလည်းပဲ တချို့ တုန့်ပြန်သဘောထားပေးထားတဲ့ သတင်းတွေလည်း ကျနော်တို့ကြားသိခဲ့ရပါတယ်။ ဒီအဖွဲ့အစည်း တွေက တာဝန်ရှိသူတွေကိုဖိတ်ပြီးတော့ သောတရှင်တွေက ဒီအဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ဆွေးနွေးတဲ့အခါမှာ ဘာတွေဆွေးနွေး စေချင်သလဲ၊ ဘာတွေသဘောတူညီချက်ယူစေချင်သလဲ၊ ဒီအချိန်ဟာ ပြည်တွင်းပြန်ဝင်ပြီးတော့ ပြည်တွင်းမှာ ဒီမိုကရေစီရေးအတွက် ဆက်ပြီးလုပ်ဆောင်ကြရမယ့်အချိန်ကိုရော တကယ်တမ်းရောက်နေပြီလား ဒါကို ကျနော်တို့ စဉ်းစားဆွေးနွေးကြည့်ကြဖို့ဖြစ်ပါတယ်။ အဓိကဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတွေထဲက FDB လို့ခေါ်တဲ့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကို ဖိတ်ထားပါတယ်။ ပြီးတော့ နောက်ထပ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုမျိုးဝင်းကို ဖိတ်ထားပါတယ်။ နောက်ပြီးတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) က အထွေထွေအတွင်းရေးမှူး ကိုငွေလင်း တို့ကို ဖိတ်ကြားထားပါတယ်။ ဒီအဖွဲ့ ၃ ဖွဲ့စလုံးသည် ပြီးခဲ့တဲ့ သတင်းပတ်အတွင်းမှာ ရှေ့ဆင့် နောက်ဆင့်ဆိုသလိုပဲ စစ်အစိုးရက တွေ့ဆုံဆွေးနွေးကြရအောင်ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီလို မြန်မာအစိုးရရဲ့ သတင်းစကားပါးတဲ့အခါမှာ ဒီသတင်းစကားကို သယ်ပေးခဲ့တဲ့သူတွေထဲကတစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) က နိုင်ငံခြားရေးရာတာဝန်ခံ ကိုညိုအုန်းမြင့်ကနေပြီးတော့ ဒီကမ်းလှမ်းချက်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုကမ်းလှမ်းတယ်ဆို တာ VOA ကို ပြောပြထား တာရှိပါတယ်။

ကိုညိုအုန်းမြင့် ။    ။ အဓိကအားဖြင့် ၀န်ကြီးဦးအောင်မင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ရဲ့ ခေါင်းဆောင်ကနေပြီးတော့ တိုက်ရိုက် ကမ်းလှမ်းခြင်းပဲဖြစ်ပါတယ်။ အဓိကကတော့ သမ္မတကြီးရဲ့ ထာဝရငြိမ်းချမ်းရေးဆိုတဲ့အပေါ်မှာ မြန်မာနိုင်ငံထဲမှာ ပိုပြီးတော့နော် ဖွံ့ဖြိုး တိုးတက်လာတာနဲ့အတူ ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့လည်း စကားပြောဖို့လိုပြီဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ သို့သော်လည်း တိုက်ဆိုင်မှုတစ်ခုက ဒီဖက် ပြည်ပရောက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုက ပြည်တွင်းငြိမ်းချမ်းရေးပေါ့ နော်၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့အပေါ်ကိုပဲ စိုက်လိုက်မတ်တပ်တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ ဒီအပေါ်မှာပဲ လက်ရှိအစိုးရကလည်း တပြည်လုံးအပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်နေသလို Dialogue စဖို့ နိုင်ငံရေးအရ ကွာ ခြားမှုတွေ မတူညီမှုတွေ ကွဲလွဲမှုတွေအပေါ်မှာ ဆွေးနွေးဖို့ဆိုပြီးတော့မှ အစိုးရဖက်ကလည်း တရားဝင်ကမ်းလှမ်းပြီးတော့ ရှေ့ကိုဆက် ပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ အလွတ်သဘောဆွေးနွေးပွဲတွေ ဖြစ်မယ်လို့ထင်ပါတယ်။

VOA ။    ။ ဒါအစိုးရဖက်ကနေ ဘယ်လိုကမ်းလှမ်းခဲ့တယ်။ ဘယ်လိုရှိနိုင်တယ်ဆိုတာကို သူပြောပြသွားတာပါ။ အဲဒီတော့ အဓိကဆွေး နွေးပေးမယ့်သူတွေလည်း လေလှိုင်းပေါ်ရောက်နေပါပြီ။ ကိုငွေလင်းနဲ့ပဲ စလိုက်ကြရအောင်။ ကိုငွေလင်းတို့ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီကို အစိုးရက ကမ်းလှမ်းထားတာနဲ့ပတ်သက်ပြီးတော့ လူ့ဘောင်သစ်က တွေ့ဆုံဆွေးနွေးဖို့အတွက် သဘောထား ကျပါပြီလား။

ကိုငွေလင်း ။    ။ ကျနော်တို့ကို တွေ့ဆုံဆွေးနွေးဖို့ဆိုပြီးတော့မှ ဦးအောင်မင်းကနေပြီးတော့ ကမ်းလှမ်းထားတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးရင် ကျနော်တို့က ဒီဥစ္စာဟာ ကြိုဆိုသင့်တဲ့ကိစ္စဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာဖို့ရာ ကျနော်တို့ပါတီအနေနဲ့ဆို ရင် အမြဲတမ်း ရပ်ခံတောင်းဆိုခဲ့တာရှိတယ်။ အဲဒီတော့ ကနေ့အခြေအနေမှာ ဒီ တွေ့ဆုံဆွေးနွေးရေးရဲ့ ခြေလှမ်းတွေဖြစ်နိုင်တဲ့ သို့မ ဟုတ် အစပြုချက်တွေဖြစ်နိုင်တဲ့ ဒီကမ်းလှမ်းချက်က ကောင်းတယ်လို့ ကျနော်တို့ပါတီက အဲဒီလိုသဘောထားပါတယ်။

VOA ။    ။ ဟုတ်ကဲ့။ တွေ့ပါမယ်ဆိုပြီးတော့ အစိုးရဖက်ကို တရားဝင်အကြောင်းပြန်ပြီးပြီလား ခင်ဗျ။

ဦးငွေလင်း ။    ။ ဟုတ်ကဲ့ ကျနော်တို့ ပြန်ထားပြီးပါပြီ။ ကျနော်တို့ဖက်က ကိုယ်စားလှယ်အဖွဲ့ ဘယ်လိုစီစဉ်မယ်၊ ဘယ်လိုတွေ့ဆုံ ဆွေးနွေးမယ်ဆိုတဲ့ကိစ္စတွေကတော့ ထပ်မံအကြောင်းကြားမယ်လို့ ပြောထားပါတယ်။ … အပြည့်အစုံသို့

No Comments

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ထံမှ အလွတ်သဘော စကားပြောရန် ဖိတ်ကြားချက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လက်ခံရရှိ

aung_moe_zaw_226x170_nocredit

၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်

လက်ရှိသမ္မတ၏ ကိုယ်စားလှယ်ဖြစ်သည့် ဦးအောင်မင်းနှင့် အလွတ်သဘော စကားပြောရန် ကမ်းလှမ်းချက်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဇန်န၀ါရီ (၁၉) ရက်နေ့ က ရရှိခဲ့ပါသည်။ အစိုးရကိုယ်စားလှယ်နှင့် တွေ့ဆုံရန် ပါတီမှ မူအားဖြင့် သဘောတူသော်လည်း ထိုသို့ တွေ့ဆုံရေးနှင့် ပါတ်သက်၍ အသေးစိတ်ကိစ္စများကို ပါတီဗဟိုဦးဆောင်ကော်မတီ ဝင်များအတွင်း ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။  “သူတိုရဲ့ ကမ်းလှမ်းချက်ကို အပေါင်းလက္ခဏာလို့ မြင်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ လိုကြောင်း ကျနော်တို့ပါတီအနေနဲ့ တချိန်လုံး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။  ဒါကြောင့်မို့ သူနဲ့ တွေ့ကြမယ် ဆိုတာ  ကောင်းပါတယ်။” လို့ ပါတီဥက္ကဌ ဦးအောင်မိုးဇော် က ပြောဆိုလိုက်ပါသည်။

“သို့သော်လည်း လောလောဆယ်မှာတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာ၊ ဘယ်အထိ ပေါက်ရောက်မယ် ဆိုတာတော့ ပြောရခက်ပါသေးတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ အနေနဲ့ စိတ်ကူး ယဉ်တာမျိုးတော့ မရှိပါဘူး၊ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေဆီ ရောက်ရှိဖို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ ကြိုးစား ရှာဖွေသွားမှာဖြစ်ပါတယ်” လို့ ထပ်ဆောင်းပြောဆိုသွားပါသည်။

-xxx-

No Comments

ဗကသများအဖွဲ့ချုပ် စတင်ပေါ်ပေါက်ကတည်းက ကိုင်စွဲလာခဲ့တဲ့ ဗကသရဲ့ မူ ၅ ချက်က ခေတ်နောက်ကျနေတယ်လို့တော့ မမြင်ဘူး

အခု ဒီည ဆွေးနွေးမယ့် အဓိကအကြောင်းအရာကတော့ လက်ရှိ ဒီပွင့်လင်းမှုအချို့ မြင်လာရတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအောက်မှာ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အသင်းအပင်း သမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ရပ်တည်လှုပ်ရှားခွင့်ဆိုတာ ဒီမိုကရေစီ စနစ်ရဲ့ စံနှုန်းစံထား တခု ဖြစ်ပါတယ်။ အဲဒီတော့ အခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေပြီဆိုတဲ့ အခြေအနေမှာ ဘာပဲပြောပြော တနေ့နေ့ တချိန်ချိန်မှာ ဒီ သမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့် ရပ်တည်လှုပ်ရှားနိုင်တဲ့ အခြေအနေ ၀န်းကျင်တွေ ရှိလာရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အခုလက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားသမဂ္ဂတွေ ဘယ်လောက်အထိ လှုပ်ရှားနိုင်မလဲ၊ ရပ်တည်နိုင်မလဲ၊ ကျောင်းသားအင်အားစုတွေရဲ့ သဘောထား ဘယ်လိုရှိလဲ၊ ဒါတွေကို ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဓိက ပါဝင်ဆွေးနွေးပေးဖို့ ကျနော် နှစ်ဦးကို ဖိတ်ခေါ်ထားပါတယ်။ မကြာခင်က ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီက ဥက္ကဋ္ဌ ကိုကျော်ကိုကို ရှိပါတယ်။ နောက်တဦးကတော့ ဒီ ဗဟိုစည်းရုံးရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် ရှိပါတယ်ခင်ဗျ။

VOA။    ။ ကိုကျော်ကိုကိုတို့ မကြာခင်ကပဲ ဗကသများအဖွဲ့ချုပ်ကို ပြန်ဖွဲ့လိုက်တယ်ဆိုတော့ ကျနော်သိချင်တာက ၂၀၀၇ ခုနှစ်က စပြီးတော့ ဒီရွှေဝါရောင်လှုပ်ရှားမှုကာလမှာ ဗကသ ကို မြေပေါ်ပြန်ပြီးတော့ ပြန်လည်ဖွဲ့စည်းခဲ့တာ ကိုကျော်ကိုကိုတို့ ဦးဆောင်ပြီးတော့ ဖွဲ့စည်းခဲ့တာပေါ့နော်။ အခုက ပြန်ဖွဲ့စည်းတယ်ဆိုတော့ ဒီအခြေအနေ နှစ်ရပ်က ဘာများကွာလဲခင်ဗျာ့။

ကိုကျော်ကိုကို။    ။ ဒီအခြေအနေက ဘာကွာလဲဆိုတော့ ကျနော်တို့က ၂၀၀၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အခြေအနေမှာ ကျနော်တို့ ဖြိုခွဲခံရတယ်။ ကျနော် တို့  ကျောင်းသား တော်တော် များများကို အကျဉ်းချ ခံခဲ့ရတယ်။ အဲဒီ အကျဉ်းချခံရစဉ် ကာလမှာ ကျန်ရှိနေတဲ့ ကျောင်းသားတွေက မြေအောက်အသွင် ပြန်ရောက်သွားပြီးတော့ ဆက်လက်လုပ်ဆောင်နေတယ်။ ဆက်လက် ကျနော်တို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတယ်။ အခု ကျနော်တို့ ပြန်လွတ်လာပြီဆိုတဲ့ အချိန်မှာ ယခင် အကျဉ်းကျခံခဲ့ ရတဲ့ ပြန်လွတ်လာ တဲ့ ကျောင်း သားခေါင်းဆောင်တွေ နဲ့ အခု ဆက်လက် တာဝန် ထမ်းဆောင်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြန်လည်ပူးပေါင်းပြီးမှ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲဖွဲ့စည်းတာ ဖြစ်တယ်။ သမဂ္ဂကို ပြန်လည် reform လုပ်တယ်လို့ ကျနော် မြင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ယခင် အခြေအနေနဲ့ အခု အခြေအနေက ပိုမို အားကောင်းလာတဲ့ အနေအထားရောက်ပြီလို့ ကျနော် ပြောလို့ရပါတယ်။ … အပြည့်အစုံသို့

No Comments

စကားစပ်မိလို့ပြောတာမျိုးက တရားမ၀င်၊ အာမခံချက်ပေးနိုင်ဖို့ ဖန်တီးပေးဖို့လို

စကားစပ်မိလို့ပြောတာမျိုးက တရားမ၀င်

dscf7646-copy

“ပြည်တွင်းမှာတောင် နိုင်ငံရေးအကျဉ်းသားက တကယ်တမ်းတော့ မကုန်သေးဘူးလေ ကျွန်တော်ဖြစ်ချင်တာက ဒီလိုဗျ။ ဒါမျိုးက သမ္မတ တစ်ယောက်ရဲ့ အမိန့်တရပ်ကို ထုတ်ပြန် ပြီးတော့ ကျကျနနထုတ်ပြန် ပြဋ္ဌာန်းပေးစေချင်တယ်။ ခရီးသွား ဟန်လွဲ စကားစပ်မိလို့ပြောလိုက်တာမျိုးဆိုရင်တော့ တယ်ပြီးတော့ တရားမ၀င်ဘူးလို့ ခံစားရတယ်။ နောက်ပြီးတော့ ရှင်းလင်းတဲ့ ဖော်ပြမူလဲမတွေရဘူး။ နောက်ပြီးကိုယ့်သဘောနဲ့ကို တစ်ဦချင်းကို ဒီလူတော့ဝင်လိုရတယ် ဒီလူတော့ဝင်လို မရဘူးလို့ ကျနော်တော့ ခံစားရတယ်။ နောက်ပြီးတော့ လုပ်စေချင်တယ်။ အားလုံး လာရမယ်ဆိုရင် လာနိုင်တဲ့ အခွင့်အရေးမျိုး ဒီမှာ ရနေပြီဆိုရင်တောင်မှ သပ်သပ်မှတ်မှတ်နဲ့အမိန့်ထုတ်ပြန်ပြီးတော့ ကိုယ့်မိသားစု ၀င်တွေကို ကြိုဆိုတယ် ဆိုတာမျိုးကို ရှင်းရှင်းလင်းလင်း လုပ်စေချင်တယ်။ အဲဒါမှ သူတို့ပြန်လာတဲ့အခါမှာ ဂုဏ်သိက္ခာလည်း ရှိတယ်၊ ယုံကြည်စိတ်ချတယ်ဆိုတဲ့ ခံစားမှုမျိုးလည်း ရှိမှာပါ”

(ကိုမင်းကိုနိုင်)
(Myit Makha Mediagroup on 15 Jan, 2012)

အာမခံချက်ပေးနိုင်ဖို့ ဖန်တီးပေးဖို့လို

image00

ပြန်လာနိုင်လောက်တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လုံခြုံမှု၊ သူတို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်လောက်တဲ့ အခြေအနေတွေကို လက်ရှိ ဦးဆောင်နေတဲ့သူတွေက အာမခံ ချက်ပေးနိုင်ဖို့  ဖန်တီးပေးဖို့ လိုပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းအဖြစ်နဲ့ ပြန်လာဖို့ ဖိတ်ခေါ်တယ်ဆိုတာထက် ဥပဒေတရပ် ပြဌာန်းပြီးတော့ မြန်မာနိုင်ငံကို ပြန်လာပြီး လွတ်လွတ် လပ်လပ် လုပ်ကိုင်ခွင့်ပြုစေချင်ပါတယ်။ ခိုင်မာတဲ့ ဥပဒေတရပ် ပြဌာန်းမှုမရှိရင်တော့ သူတို့ဘက်က သံသယရှိနေဦးမှာပဲ။

(ကိုကိုကြီး)
(ရန်ကုန်တိုင်းမ်… 16 Jan, 2012)

No Comments

“ပုံပြီး ယုံတာ မကောင်းဘူး”

လူထုဦးစိန်ဝင်း
၁၂၊ ဇန်န၀ါရီ၊ ၂၀၁၂၊ ကြာသပတေးနေ့၊ အတွဲ၂၊ အမှတ်၇၇ – (ပြည်သူ့ခေတ်)

ဖတ်သင့်ဖတ်ထိုက်တဲ့ စာမှန်သမျှ ဖတ်ပုံရတဲ့ မိတ်ဆွေရင်းတယောက်ရောက်လာပြီး စကားပြောရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖရဲ့ ဓါတ်ပုံတွေကို အပတ်တိုင်း အဖုံးတင်ပြီး ဂျာနယ်ရောင်းကောင်းအောင် လုပ်နေ ကြတာတွေ မြင်မကောင်းရှုမကောင်း ဖြစ်နေရကြောင်း ညည်းပြောပြောပါတယ်။

ချစ်လို့ရောင်းတာမှတ်ပါ

ခုတလောလာသမျှလူတိုင်း ဒီအကြောင်းကိုပြောကြတယ်။ လမ်းဘေးက မင်းသားမင်းသမီးတွေရဲ့ ဓါတ်ပုံတွေနဲ့ ပိုစတာတွေ ရောင်းတဲ့ဆိုင်တွေမှာလည်း၊ ဗိုလ်ချုပ်တို့သားအဖပုံတွေ ပလူပျံ ဖြစ်နေတယ်လို့ပြောကြတယ်။ အများက မသင့်တော်ဘူး လို့ထင်ကြတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ ဒါမျိုးက တားဆီးပိတ်ပင်ရမဲ့ ကိစ္စမှမဟုတ်တာ။ ဘယ်သူကိုမှ မထိခိုက်ရင် လွတ်လွတ်လပ်လပ် လုပ်စားကြပါစေ။ ဝယ်သူရှိလို့ ရောင်းသူရှိတာ ဈေးကွက်သဘာဝပဲ။ လူတွေက ချစ်လို့ဝယ်ကြတာ ဖြစ်သလို ရောင်းသူတွေကလည်း ချစ်လို့ရောင်းကြတာပါ။ မချစ်မနှစ်သက်သူပုံကို ဘယ်သူမှတင်မရောင်းဘူး။ လူတွေက ကလည်း အလကားပေးတောင်မယူဘူး။ ချစ်လို့ဝယ်ကြ ရောင်းကြတာလို့သာမှတ်ပါ။

အတိုးချပြီးချစ်ကြတာ

ဈေးကွက်အထဲမှာလတ်တလော ပလူပျံဖြစ်နေရတာကလည်း နှစ်ပေါင်း(၂၀)ကျော် ပိတ်ပင်တားဆီးလုပ်ထားတဲ့အတွက် လုံးဝမြင်ကွင်းကပျောက်သွားရာက အခုလိုဗြုန်းစားကြီး ဖွင့်ပေးလိုက်လို့ အတိုးချပြီး ချစ်လိုက်ကြတာကြောင့်ပါ။ ဗိုလ်ချုပ်ဆို တာကလည်းရိုးသားဖြူစင်တဲ့နေရာ၊ ဖြောင့်မတ်တည်ကြည်တဲ့နေရာ၊ ကိုယ်ကျိုးမကြည့်တဲ့နေရာ၊ စွန့်လွှတ်စွန့်စားတဲ့နေရာ၊ ဘယ်နေရာကကြည့်ကြည့် အပြစ်ရှာမရအောင်သန့်ရှင်းတဲ့သူမဟုတ်လား။ မသေခင်ကတည်းက အချစ်ခံရတဲ့နိုင်ငံရေးသ မားဆိုတာ ကမ္ဘာမှာတောင်တော်တော်ရှားတာ။ တိုင်းပြည်အတွက်သူအသက်ပေးသွားခဲ့တဲ့ နှစ်ပေါင်း(၆၀)ကျော်ပြီ ဖြစ်ပေ မယ့် လူတွေကသူ့ကို ချစ်ခင်မြတ်နိုးစိတ်နဲ့ လွမ်းဆွတ်တမ်းတသ နေကြဆဲဖြစ်တယ်။

အဖေတူသမီး

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဖေတူသမီး။ သူ့အဖေလိုပဲရိုးသားပွင့်လင်းတယ်။ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးလုပ် တယ်။ ပြည်သူ့အရှေ့ကမားမားရပ်ပြီး ပြည်သူတွေအတွက်ပဲလုပ်တယ်။ ဒီတော့ပြည်သူတွေကသူ့အဖေကိုချစ်သလို သူ့ကို လည်းချစ်ကြတယ်။ သူပြောသမျှလက်ခံပြီး သူဦးဆောင်တဲ့ အနောက်ကိုလိုက်တယ်။ ဗိုလ်ချုပ်တုန်းကလည်းဒီအတိုင်းပဲ။ ဗိုလ်ချုပ်ကဂျပန်တွေခေါ်လာတော့လည်း လက်ခံကြိုဆိုလိုက်ကြတယ်။ ဗိုလ်ချုပ်ကဂျပန်တွေကိုတော်လှန်ကြဆိုတော့ လည်း တော်လှန်ကြတယ်။ ချစ်တော့လည်း ပုံပြီးယုံလိုက်ကြတာကိုး။

ရှင်ကြီးဝမ်းလည်းဝင်ဖူး

ဒေါ်အောင်ဆန်းစုကြည် လက်ထက်ရောက်တော့လည်း အဲ့ဒီလိုဖြစ်နေတာပဲ။ အဲဒီလိုဖြစ်တာ ဗိုလ်ချုပ်အောင်ဆန်းသမီး ဖြစ်လို့ပါ လို့တော့ မထင်နဲ့။ မြန်မာတွေက နိုင်ငံရေးမှာ ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဖူးလို့ နောကျေ နေပြီး။ ဒါလောက်မညံ့ပါဘူး။ တိုင်းပြည်အတွက် သူစွန့်လွှတ်အနစ်နာခံခဲ့တာတွေနဲ့ သူ့လုပ်ဆောင်ချက်တွေကြောင့် သူ့ကိုချစ်ကြ ယုံကြတာ။ အဲ့ဒါကြောင့် သူ့ဓါတ်ပုံတွေ၊ ပိုစတာတွေ နေရာတကာမှာ ဖွေးဖွေးလှုပ်ဖြစ်နေတာ။

ယောက်မမြင်းစီးထွက်

ယုံလို့ပုံကြပေမယ့် ပုံပြီးယုံတာမကောင်းမှန်း၊ အန္တရာယ်ရှိမှန်း လူတွေမသိတာမဟုတ်ဘူး။ သိကြပါတယ်။ လောလောဆယ် ကတော့ လွမ်းရတာရှည်ခဲ့လို့ အတိုးချပြီး ချစ်ပြနေကြတာပါ။ ဒီလိုအမြဲတမ်း ဖြစ်နေလိမ့်မယ်လို့တော့ ထင်မထားနဲ့။ … အပြည့်အစုံသို့

No Comments

SSUကိုယ်စားလှယ်အဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်ရန် လာရောက်

ssu2ssussu-1ssu-3ssu-4

SSU evaluation trip
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှ (၇)ရက်နေ့အထိ ဆိုရှယ်ဒီမိုကရက် ကျောင်းသားလူငယ်အဖွဲ့မှ အထွေထွေအတွင်းရေးမှူး Ellinor Eriksson နှင့် အပြည်ပြည်ဆိုင်ရာ အတွင်းရေး မှူး Emma Lidell တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  (၅)ဦးသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသို့ လာရောက်လည်ပတ် ခဲ့သည်။ ခရီးစဉ် အတွင်း ဆိုရှယ် ဒီမိုကရက် ကျောင်းသား လူငယ်အဖွဲ့(SSU)နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီတို့အကြား ပူးပေါင်းလှုပ်ရှား ဆောင်ရွက်မှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် (SSU) တို့အကြား ပညာရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ ယခု ခရီးစဉ်အတွင်းပါတီခေါင်းဆောင်များနှင့် တာဝန်ရှိသူများကို ပါတီဌာနချုပ် ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် ကျောင်းသားများနှင့်တွေ့ဆုံပြီး ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့အပြင် လူ့ဘောင်သစ် ပါတီဝင်များနှင့်အတူ (SSU) ကိုယ်စားလှယ်အဖွဲ့သည့် မြန်မာ့အရေး လှုပ်ရှားနေသော AAPP, SAW, SYCB, YCOWA, စသည့် အဖွဲ့အစည်းများသို့လည်း သွားရောက်လေ့လာ ခဲ့ကြသည်။ ထို့ပြင် မဲဆောက်မြို့အတွင်းရှိ အမှိုက်ပုံတစ်ဝိုက် နေထိုင်ကြသော မြန်မာနိုင်ငံသားများ၏ အခြေအနေများကို သွားရောက် လေ့လာခဲ့သည်။

-xxx-

 

No Comments

လွတ်မြောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်

letter-head

လွတ်မြောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် သမ္မတ ဦးသိန်းစိန်၏ ကြေညာချက်အရ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သော အကျဉ်းသား၊ အကျဉ်းသူ (၆၅၁) ဦးထဲတွင် ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်အပါအ၀င်အရေးကြီးသော နိုင်ငံရေး အကျဉ်းသား များ ပြန်လည် လွတ်မြောက် လာကြောင်း သိရှိရပါသည်။ မိမိတို့ပါတီအနေဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့ မိသားစုဝင်များနှင့်ထပ်တူ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုနှုတ်ဆက်လိုက်ပါသည်။

ယနေ့လွတ်မြောက်လာကြသော ကိုဇေယျ၊ ကိုဂျင်မီ၊ ကိုဇော်သက်ထွေး၊ ကိုသက်နိုင်အောင်အပါအ၀င် ပါတီခေါင်းဆောင်များ နှင့် ပါတီဝင်များကိုလည်း ၀မ်းမြောက်စွာကြိုဆိုနှုတ်ဆက်ကြောင်းနှင့် ၎င်းတို့၏ ပေးဆပ်တိုက်ပွဲဝင်ခဲ့မှုများအပေါ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း ဖေါ်ပြအပ်ပါသည်။ … အပြည့်အစုံသို့

No Comments